IJNဆေးရုံကြီး ကို 1992 ခုနှစ် သြဂုတ်လ 1 ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အသက်အရွယ်ကြီးရင့်သူများသာမက နှလုံးရောဂါသည် ကလေးများအတွက် နှလုံးသွေးကြောနှင့် ရင်ခေါင်းဆေးပညာဆိုင်ရာ အဆင့်မြင့်ဆုံး ကုထုံးများဖြင့် ကုသပေးလျက်ရှိသော နှလုံးအထူးကုဆိုင်ရာ ဆေးရုံကြီးတစ်ခု ဖြစ်ပါသည်။ IJNဆေးရုံကြီးသည် စတင်တည်ထောင်ချိန်မှစ၍ လူနာပေါင်း 4 သန်းကျော်ကို ကုသပေးခဲ့ပြီး မလေးရှားနိုင်ငံအတွင်းရှိ နှလုံးသွေးကြောဆိုင်ရာနှင့် ရင်ခေါင်းကျန်းမာရေးဆိုင်ရာ ထိပ်တန်းဌာနတစ်ခုအဖြစ် အသိအမှတ်ပြုမှု ရရှိခဲ့သည်။
ယနေ့ IJNဆေးရုံကြီးတွင် နှလုံးသွေးကြောဆိုင်ရာ ကုထုံးများစွာကို ကုသပေးလျက်ရှိပါသည်။ ဆက်စပ် နှလုံသွေးကြောနှင့် ပတ်သက်သော ရောဂါများကို ကုသပေးလျက်ရှိကာ ဆေးခန်းများစွာကိုလည်း ချိတ်ဆက်ထားသည်။ IJNဆေးရုံကြီးတွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော နှလုံးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ ဆေးမှူးများနှင့် ဆေးဖက်ဆိုင်ရာ ပံ့ပိုးကူညီသောဝန်ထမ်းများဖြင့် ကုသမှုများစွာကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ IJN ဆေးရုံကြီးတွင် အရှုပ်ထွေးဆုံး ကုသမှုခက်ခဲသော ရောဂါများကို ခေတ်မီနည်းပညာများစွာဖြင့် ကုသပေးလျက်ရှိပါသည်။ မလေးရှားနိုင်ငံတွင် ထိပ်တန်းနှလုံးအဖွဲ့အစည်းကြီး တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်အတွက် အသစ်သစ်သော လေ့ကျင့်မှုအစီအစဉ်များနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဒါ့အပြင် UK နိုင်ငံ၏ အဆင့်မြင့်ဆေးရုံတစ်ခုဖြစ်သော UK’s Papworth ဆေးရုံ၊ Germany ရှိ Herz-und ကဲ့သို့သော နိုင်ငံတကာဆေးဘက်ဆိုင်ရာ ထိပ်တန်းအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများကို မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။
 
													 
													 
													 
													


နှလုံးသွေးကြောနှင့် ရင်ခေါင်းဆိုင်ရာ ကုသမှုများတွင် ကမ္ဘာလုံးဆိုင်ရာ ထူးချွန်သော ဗဟိုချက်ဖြစ်လာရန်။