 
                    began its journey
MPC is a Medical Concierge Platform that began its journey in 2014. We are focused in brining patients to Malaysia; a growing Medical Destination in the region and Delivering Responsible Healthcare.
MPC is a platform that brings quality healthcare to people in an efficient, trustworthy, and transparent manner at the most affordable cost. In other words, we give you MORE for LESS.
 
													Malaysia Primal Care မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
တာဝန်ယူမှုရှိပြီး အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်းဟာ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံများကြောင့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ ကုသမှုများကို ကျွန်တော်တို့ ကူညီအဖြေရှာပေးနိုင်ပါတယ်။ လူနာများရဲ့ လိုအပ်ချက်ကို နားလည်ပြီး အကောင်းဆုံး ကျွမ်းကျင်ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အခုလို ကျန်းမာရေးဝန်ဆောင်မှုများကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်။
မလေးရှားသည် အရှေ့တောင်အာရှတွင် ကျင့်ဝတ်များနှင့်ညီစွာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေတဲ့ နိုင်ငံတစ်ခုအဖြစ် ထင်ရှားစွာတည်ရှိနေပါတယ်။
Malaysia Primal Synergy (or Malaysia Primal Care? )တွင် ကျွန်တော်တို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ရှုပ်ထွေးခက်ခဲမှုများ မရှိစေရန် လူနာကို ဗဟိုပြုတဲ့ ဝန်ဆောင်မှုများကို ပွင့်လင်းမြင်သာစွာနှင့် လူနာများ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ရန် ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများကို လူနာလိုအပ်ချက်နဲ့ ကိုက်ညီစွာ ပြုလုပ်ပေးပြီး လူနာများကို အဆင်ပြေစေပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်သူများ အားလုံးလည်း အရည်အသွေးပြည့် ဝန်ဆောင်မှုများ ပေးစေရန် ကျွန်တော်တို့ ကြီးကြပ်ပေးပါတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းရရှိသင့်တဲ့ တာဝန်ယူမှုရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ကြင်နာဂရုစိုက်စွာဖြင့် ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ကော်ပိုရိတ်လုပ်ငန်းရဲ့ အဓိက သော့ချက်က နယ်စည်းမခြားတဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်မှုများ အားနည်းနေတဲ့ လူအဖွဲ့အစည်းအတွင်းသို့ ယူဆောင်လာခြင်းအားဖြင့် လူမှုရေးတာဝန်များ ကျေပွန်ရေးပဲဖြစ်ပါတယ်။
 
													Chariman/Founder
 
													Malaysia Primal Care သည် ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းက အိမ်နီးချင်းနိုင်ငံများကြားမှာ တာဝန်ယူမှုရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ်ပေးနေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံသို့ လူနာများကို ပို့ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။
MPC ဟာ အတတ်နိုင်ဆုံး သက်သာသော ကုန်ကျစရိတ်ဖြင့် ထိရောက်သော၊ ယုံကြည်စိတ်ချရသော၊ ပွင့်လင်းမြင်သာသော ဝန်ဆောင်မှုများဖြင့် လူနာများထံ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တစ်နည်းပြောရလျှင် အကုန်အကျမများစေပဲ အဆင့်မြင့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်းရဲ့ ဝန်ဆောင်မှုများဖြင့် ရှုပ်ထွေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကြားထဲမှာ အကောင်းဆုံးကုသမှုများကို လွယ်ကူစွာ အဖြေရှာပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ၎င်းတို့ရဲ့ သက်ဆိုင်ရာ အထူးပြုနယ်ပယ်တစ်ခုစီမှ အတော်ဆုံးလူများကို ရွေးချယ်ထားပါတယ်။
that begin its journey
မလေးရှားမှာ ကျွန်တော်တို့ ဂရုတစိုက် ကြိုတင်ရွေးချယ်ထားတဲ့ ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာတစ်ဦးချင်းစီတိုင်း ကုသမှုခံယူနိုင်ရန် ချိတ်ဆက်ဖို့အတွက် MPC အကျိုးဆောင်လုပ်ငန်းက စနစ်တကျ တာဝန်ယူစီစဉ်ပေးပါတယ်။
ဒါကြောင့် လူနာများအနေနဲ့ အခက်အခဲမရှိ မလေးရှားသို့ သွားရောက်ကုသနိုင်ပြီး ကျန်းမာစွာနဲ့ အမိနိုင်ငံသို့ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ MPC ဟာ လူနာရဲ့ လိုအပ်ချက်များကို အဓိကထားတဲ့ အကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်ကတော့ အကောင်းဆုံးသော ကုသမှုများကို ကြင်နာဖေးမစွာ ကူညီရှာဖွေပေးခြင်းပဲ ဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဟာ တာဝန်ယူမှုရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းပဲ ဖြစ်ပါတယ်။
 
													